logo
Counsellor Photo

Paye Phyo Aein

Mental Health Provider

PH-10 သည် Passionate Heart ၏ Youth to Youth Psychological Support Program တွင် Mental Health Provider အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး Applied & Counselling Psychology၊ Art နှင့် Drama Therapy ကဲ့သို့သော Therapeutic Techniques များကိုလည်း သင်ယူထားပြီး Community Work များတွင် ထည့်သွင်းလုပ်ဆောင်လျှက်ရှိပါသည်။ PH-10 သည် စိတ်ဖိစီးမှု၊ ပညာရေးနှင့်အလုပ်အကိုင် ဖိအားများ၊ ဆက်ဆံရေးပြဿနာများ အတွက် တစ်ဦးချင်းစီအား စိတ်ပိုင်းဆိုင်ရာထောက်ခံမှုပံ့ပိုးပေးနိုင်သူ ဖြစ်သည့်အပြင် Community Well-being အတွက်လည်း Well-being Advocate နှင့် Mental Health Provider အနေနှင့် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်နေသူ ဖြစ်သည်။ Mental Health နှင့်ပက်သက်သော အသိပညာများကို ဆက်လက်ကျယ်ပြန့်စွာ သင်ကြားလေ့လာနေသူ ဖြစ်ပြီး၊ Psychology နှင့် Sociology ဘာသာရပ်ကို နိုင်ငံတကာတွင် ဆက်လက်လေ့လာရန် ကြိုးပမ်းနေသူ ဖြစ်သည်။ တို့တွေရဲ့ ဘဝတွေမှာ တစ်ဦးချင်းစီအလိုက် တွေ့ကြုံခံစားရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ဆက်ဆံရေးပြဿနာများ၊ ပညာရေးနှင့် အလုပ်အကိုင်အပေါ် မသေချာမှုများ၊ စိတ်ခံစားချက်များ ကြုံတွေ့နေရသော်လည်း မိမိကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ရန် ခက်ခဲခြင်း၊ မိမိပတ်ဝန်းကျင်က နားလည်လက်ခံပေးဖို့ရန် ခက်ခဲခြင်း၊ Stigma များနှင့် ထိုသို့သော အကြောင်းအရာများကြောင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ရယူရန် အားနည်းကြောက်ရွံ့မှုများ ရှိနေတတ်ပါတယ်။ မိမိရဲ့ wellbeing အတွက် Psychological Support Systemတစ်ခုရယူခြင်းက ပျော့ညံ့အားနည်းခြင်း နှင့် မှားယွင်းခြင်း မဟုတ်ပဲ မိမိကိုယ်ကို ဂရုစိုက်ခြင်းနဲ့ မိမိရဲ့ စိတ်ခံစားမှုကို တန်ဖိုးထားခြင်းလဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဘဝထဲက စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ မည်သည့်အခက်အခဲမဆို ရင်ဆိုင်နေရသူတိုင်း Psychological Support System တစ်ခုရယူသင့်ကြောင်း ပြောကြားလိုပါတယ်။ Youth to Youth Psychological Support Programသည် စိတ်ကျန်းမာရေးကို တန်ဖိုးထားပြီးတစ်ဦးချင်းစီရဲ့ စိတ်ခံစားမှုများကို အတူတကွရင်ဖွင့်ဆွေးနွေးနိုင်ရုံသာမက မိမိ Wellbeing ကို ကျန်းမာ ကောင်းမွန်လာအောင် တည်ဆောက်နိုင်မည့် ရပ်ဝန်းတစ်ခုဖြစ်ကြောင်း ယုံကြည်ပါသည်။ See less


close_paragraph